သထုံ၊ ဘီးလင်းလမ်း KNU တိုက်ခိုက်မှု ထိခိုက်သေဆုံးသူတချို့ရှိ

Your browser doesn’t support HTML5

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဘီးလင်းနဲ့ သထုံမြို့အကြားက ရွှေရောင်ပြတံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေက မနေ့ညက မိုင်းခွဲ ဖျက်ဆီးလိုက်ပြီးနောက် အိမ်စီးကား ၃ စီး တံတားအောက် ထိုးကျပြီး လူတဦး သေဆုံးခဲ့ပါတယ်။