ထိုင်းနယ်စပ်မှာထိမ်းသိမ်းထားတဲ့ရိုဟင်ဂျာကလေးတချို့ ထွက်ပြေးလွတ်မြောက်
Your browser doesn’t support HTML5
ထိုင်းနဲ့ မလေးရှား နိုင်ငံနယ်စပ် ဆုန်ခလာခရိုင်၊ ရသဖုန်းနယ်မြေ ရဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာကလေး ၁၃ ယောက်ဟာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးသွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ တဦးသာ ပြန်လည်ဖမ်းမိခဲ့ပြီး လိုက်လံရှာဖွေနေတယ်လို့လည်း ပြောပါတယ်။