အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်ကောင်စီဟာ တရုတ်ရဲ့ခါးပတ်လမ်း -ပိုးလမ်းမ BRI စီမံကိန်းတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေပါတယ်။ စစ်အုပ်ချုပ်မှုအောက်မှာ အရှိန်မြှင့်ဆောင်ရွက်လာတဲ့ ဒီစီမံကိန်းတွေကြောင့် ဒေသခံလူထုရဲ့ အကျိုးစီးပွားထိခိုက်နစ်နာမှုတွေအပေါ် စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။ ဒီသီတင်းပတ် စီးပွားရေးအစီအစဉ်မှာ မသိင်္ဂီထိုက် တင်ပြပေးမှာပါ။
စစ်ကောင်စီလက်ထက် အရှိန်မြင့်လာတဲ့ တရုတ်စီမံကိန်းများ
Your browser doesn’t support HTML5
“V Power စက်ရုံကရပ်တန့်လိုက်တယ်လေ။ အဲဒီမှာ ဖြုတ်ကြတာ။ ပြီးရင် China Power က လူခေါ်မယ်ဆိုပြီး လူက အဲလောက်ထိ မခေါ်ဘူး။ ကိုယ့်ပြည်နယ်တွင်းက လူတွေ အလုပ်အကိုင်မရကြဘူး။”