ကုလအထူးကိုယ်စားလှယ် မြန်မာ့အရေး အထွေထွေညီလာခံမှာတင်ပြ
Your browser doesn’t support HTML5
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် အရင်ငြိမ်းချမ်းခဲ့တဲ့ နေရာတွေမှာပါ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေကြေနေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာအထူးသံတမန် Noeleen Heyzer က ကြာသပတေးနေ့ အစောပိုင်းကပဲ ကုလအထွေထွေညီလာခံမှာ တင်ပြပြောကြားသွားခဲ့ပါတယ်။