အာရှမင်းသမီး အော်စကာအကောင်းဆုံးဇာတ်ဆောင်ဆု သမိုင်းတွင်ရ

(ဝဲမှယာ) အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရ Ke Huy Quan, အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရ Michelle Yeoh, အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရ Brendan Fraser, အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရ Jamie Lee Curtis

အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားတဲ့ အကယ်ဒမီဆုချီးမြှင့်ပွဲမှာ “Everything Everywhere All At Once” ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု ရရှိသွားပါတယ်။ အချိန်တပြိုင်နက်ထဲမှာ သီးခြားစီတည်ရှိနေတဲ့ အနန္တ စကြဝဠာမှာ တရုတ်နွယ်ဖွား အမေရိကန်မိသားစု ဘယ်လိုကျင်လည်နေထိုင်သလဲဆိုတာ ဇာတ်အိမ်တည်ရိုက်ထားတဲ့ ဇာတ်လမ်းအဆန်းဖြစ်ပါတယ်။ မတ်လ ၁၂ ရက်နေ့ တနင်္ဂနွေနေ့က ကျင်းပသွားတဲ့ အကယ်ဒမီပွဲမှာ အဲဒီရုပ်ရှင်က မင်းသားမင်းသမီးတွေဖြစ်တဲ့ Michelle Yeoh, Ke Huy Quan နဲ့ Jamie Lee Curtis တို့က သရုပ်ဆောင်ဆု ၃ ဆုနဲ့ ပူးတွဲဒါရိုက်တာ ၂ ဦးဖြစ်တဲ့ Daniel Kwan နဲ့Daniel Scheinert တို့က အကောင်းဆုံးဒါရိုက်တာဆု ရရှိသွားပါတယ်။ The mummy ရုပ်ရှင်ကားတွဲတွေမှာ ခေါင်းဆောင်ပါဝင်တဲ့ မင်းသား Brendan Fraser က The Whale ရုပ်ရှင်ကားနဲ့ အကောင်းဆုံး မင်းသားဆုရရှိပါတယ်။

အခုအကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုရရှိသွားတဲ့ Michelle Yeoh ဟာ မလေးရှားနိုင်ငံသား တရုတ်လူမျိုးဖြစ်ပြီး အကယ်ဒမီဆုရရှိတဲ့ ပထမဆုံး အာရှအမျိုးသမီးသရုပ်ဆောင်ဖြစ်တဲ့အတွက် သမိုင်းမှတ်တိုင်လည်း ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးကတော့ The Good Earth ဆိုတဲ့ ရုပ်ရှင်ကားမှာ တရုတ်လူမျိုးဇာတ်ရုပ်နေရာမှာ လူုဖြူမင်းသမီး သရုပ်ဆောင်ပြီး အကယ်ဒမီဆု ရရှိခဲ့တာပါ။ အော်စကာဆုတွေပေးတာမှာ မျှတမှုမရှိဘူး လူဖြူတွေပဲ ကြီးစိုးနေတယ်ဆိုပြီး #OscarSoWhite ဆိုတဲ့ ဝေဖန်မှုတွေ အရင်နှစ်တွေက ပေါ်ထွက်ခဲ့ပြီးနောက်မှာ ၂၀၁၆ က စပြီး အကယ်ဒမီအဖွဲ့အစည်းက အပြောင်းအလဲတွေ လုပ်ထာခဲ့တာ တွေ့ရပါတယ်။ လူငယ်တွေကို ခန့်အပ်လာသလို လူမျိုးစုံပါဝင်လာပြီး အမျိုးသမီးတွေကိုလည်း ထည့်သွင်းလာပါတယ်။

အခမ်းအနားပြင်ဆင်မှု ထူးခြားချက်အဖြစ်တော့ အော်စကာအခမ်းအနားက အရင်ကလို ကော်ဇောနီမခင်းပဲ အသားရောင်ဖျော့ဖျော့ ရှန်ပိန်အရက်ရောင် ကော်ဇောခင်းထားခဲ့ပါတယ်။

Your browser doesn’t support HTML5

အာရှမင်းသမီး အော်စကာအကောင်းဆုံးဇာတ်ဆောင်ဆု သမိုင်းတွင်ရ