အာဖဂန်တက္ကသိုလ်များ ကျောင်းသူတွေတက်ခွင့်မပေးပဲ ပြန်ဖွင့်
ကမ္ဘာ့အမျိုးသမီးအခွင့်အရေးကို ဂုဏ်ပြုတဲ့ မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မရောက်ခင် ၂ ရက်မှာပဲ မတ်လ ၆ ရက် တနင်္လာနေ့ကတော့ အာဖရန်နစ္စတန်နိုင်ငံမှာ ကျောင်းသူတွေ ကျောင်းတက်ခွင့်မရတော့ပဲ ကျောင်းသားတွေချည်းသက်သက်နဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ခဲ့ပါတယ်။ နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေက ဒီကန့်သတ်ချက်က ယာယီပဲဖြစ်မယ်ပြောပေမဲ့ မိန်းခလေးတွေအတွက် အလယ်တန်းကျောင်းတွေတောင် ပိတ်ထားတာ တစ်နှစ်ကျော်သွားပါပြီ။