တူရကီငလျင်ကယ်ဆယ်ရေး အမေရိကန်စေလွှတ်

Your browser doesn’t support HTML5

ဖေဖော်ဝါရီ ၆ရက် တနင်္လာနေ့က ငလျင်ဒဏ်အကြီးအကျယ်ခံလိုက်ရတဲ့ တူရကီအတွက် ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့ အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) အဖွဲ့ဝင်တွေဟာ အထောက်အကူပစ္စည်းတွေ တူရကီကိုပို့ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းကလည်း ငလျင်နှစ်ခုဒဏ်ခံလိုက်ရတဲ့ တူရကီကိုအကူအညီပေးဖို့ အခုလိုအထူးတာဝန်အဖွဲ့ကို စေလွှတ်ခဲ့ဖူးပါတယ်။ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby က ၇၉ ဦးပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ ၂ဖွဲ့ စေလွှတ်မှာဖြစ်ကြောင်းဆိုပြီး အခုတွေ့ရတဲ့ အဖွဲ့ဝင်တွေဟာ ဗားဂျီးနီးယားပြည်နယ်ကနေ ထွက်ခွာမှာဖြစ်ပါတယ်။