Memphis ရဲ ရိုက်နှက်မှုအပေါ် ဒေါသနဲ့ မတုံ့ပြန်ဖို့ သမ္မတပန်ကြား

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ် Memphis မြို့မှာ အသက် ၂၉ နှစ်အရွယ် အာဖရိကန်နွယ်ဖွား ယာဉ်မောင်းတယောက်ကို ရဲ ၅ ယောက်က ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို Memphis ရဲဌာနက ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေချိန်မှာပဲ တည်တည်ငြိမ်ငြိမ်တုံ့ပြန်ကြဖို့ သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းထားပါတယ်။