ရေခဲရိုက်ခေါက်ဆွဲပြုတ်

Your browser doesn’t support HTML5

ရုရှားနိုင်ငံအရှေ့ပိုင်း ယာကူတီယာဒေသဟာ အပြင်းအထန်အေးတဲ့ရာသီဥတုနဲ့ ဇန်နဝါရီလအစောပိုင်းမှာ ရင်ဆိုင်နေရပါတယ်။ ဘယ်လောက်တောင် အေးသလဲဆိုရင် ခေါက်ဆွဲပြုတ်တပွဲကိုတောင် အိမ်အပြင်မှာ ချက်ချင်းအေးခဲသွားစေလောက်တဲ့အထိအေးတာပါ။

လာမယ့်သီတင်းပတ်တွေမှာ အပူချိန်ဒီထက်ပိုကျဖို့ ခန့်မှန်းထားပြီး တချို့နေရာတွေမှာ ရေခဲမှတ်အောက် -၅၂ နဲ့ -၆၅ ဒီဂရီဆဲစီးယပ်အထိတောင် ထိုးကျဖို့ရှိပါတယ်။