နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီလ ၁၁၊ ၂၀၂၃)
Your browser doesn’t support HTML5
ရုရှား လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ နဲ့ တူရကီ နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ယူကရိန်း လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ က ပြောပါတယ်။မြောက်ကိုရီးယားဘက်က မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်ခတ်တာတွေ တိုးလာတာပြီး နျုးကလီးယားလက်နက်နဲ့ ခြိမ်းခြောက်နေတာတွေဟာ အထူး အလေးအနက်ထားရမယ့် ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား သမ္မတ ကပြောပါတယ်။ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ ထွန်းမင်းလတ် နေအိမ်ကနေ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမီးနဲ့ သားရဲ့ ပိုင်ဆိုင်မှု စာချုပ်စာတမ်းနဲ့ ဘဏ်စာအုပ်တွေကို ထိုင်းတာဝန်ရှိသူတွေ ရှာတွေ့ရှိခဲ့တဲ့အကြောင်း ရိုက်တာ သတင်းမှာဖော်ပြ ....စတဲ့သတင်းတွေနဲ့အတူ အပါတ်စဉ် သတင်းဆောင်းပါးတွေကို တင်ဆက်ပေးပါမယ်။