ယူကရိန်းမှာ ယာယီအပစ်အခတ်ရပ်စဲရေး ရုရှားသမ္မတကြေညာ

Your browser doesn’t support HTML5

ရှေးရိုးစွဲ Orthodox ခရစ်ယာန်တွေရဲ့ ခရစ်စမတ် အခါသမယအဖြစ် ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်ရပ်စဲဖို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရုရှားသမ္မတရဲ့ ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သံသယနဲ့ တုံ့ပြန်ခဲ့တာပါ။