APEC ထိပ်သီးအစည်းဝေးမှာ မြောက်ကိုရီးယားအရေး အရေးပေါ်ဆွေးနွေး

  • ဗွီအိုအေမြန်မာဌာန

APEC 2022 Economic Leaders meeting

အာရှပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris က အစည်းအဝေးဘေးပန်းမှာ ဒေသတွင်းက အဓိက အင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့ သောကြာနေ့က အရေးပေါ်တွေ့ဆုံပြီး မြေက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေအရေးဆွေးနွေးခဲ့ပါတယ်။

[[ ZAWGYI ]]

APEC ထိပ်သီးအစည်းဝေးမှာ မြောက်ကိုရီးယားအရေး အရေးပေါ်ဆွေးနွေး

အာရှပစိဖိတ်ဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံကိုတက်ရောက်လာတဲ့ အမေရိကန်ဒုသမ္မတ Kamala Harris က အစည်းအဝေးဘေးပန်းမှာ ဒေသတွင်းက အဓိက အင်အားကြီးနိုင်ငံခေါင်းဆောင်တွေနဲ့ သောကြာနေ့က အရေးပေါ်တွေ့ဆုံပြီး မြေက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေအရေးဆွေးနွေးခဲ့ပါတယ်။

“ မြောက်ကိုရီးယားကခုနောက်ဆုံးလုပ်ရပ်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဌာန်းချက်အတော်များများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပါတယ်။ ဒေသတွင်းလုံခြုံရေးမတည်မငြိမ်ဖြစ်စေတဲ့အပြင် မလိုလားအပ်တဲ့တင်းမာမှုတွေတိုးလာစေပါတယ်လို့ ဒုသမ္မတ Harris က အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကိုပြောဆိုခဲ့တာပါ။

ဂျပန်၊ တောင်ကိုရီးယား၊ သြစတေးလျ၊ နယူးဇီလန်၊ ကနေဒါခေါင်းဆောင်တွေနဲ့ ဒုသမ္မတ Harris တို့ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားရဲ့လုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

လတ်တလောသီးတင်းပတ်တွေမှာ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်နေတာဖြစ်ပြီး ခုနောက်ဆုံးပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကတော့ ဂျပန်ကမ်းလွန်ပင်လယ်ပြင်ကနေ ကီတာမီတာ ၂ ရာလောက်မှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ လေကြောင်းစစ်ရေးလေ့ကျင့်မှုတွေအကြီးအကျယ်ကျင်းပနေတာကိုတုန့်ပြန်တဲ့အနေနဲ့ သူတို့ဖက်ကလည်း အလားတူစစ်ဆင်ရေးလုပ်ကိုင်တာလို့ ပြောဆိုခဲ့တာပါ။

Your browser doesn’t support HTML5

APEC ထိပ်သီးအစည်းဝေးမှာ မြောက်ကိုရီးယားအရေး အရေးပေါ်ဆွေးနွေး

===============

{{ UNICODE }}




