[[ ZAWGYI / UNICODE ]]
မြန်မာ စီးပွါရေးသမား ထိုင်းရဲဖမ်းဆီးတာ ဘာကြောင့်လဲ
မြန်မာစစ်တပ်အကြီးအကဲနဲ့ နီးစပ်တဲ့ မြန်မာစီးပွားရေး သမားကြီးတစ်ဦးကို မူးယစ်ကုန်ကူူးမှု ငွေကြေးခဝါချမှု သံသယနဲ့ ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။
Star Sapphire Group လုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့အပတ် အာရုံတက်ချိန် ဝင်ဖမ်းခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့ ဒုတိယ ပြောခွင့်ရ Kissana Pathanacharoen က ရိုက်တာ့စ် သတင်းဌာနကို မနေ့က ပြောခဲ့ပါတယ်။
ထိုင်းမှာ ကျင်လည်ခဲ့သူ ဖမ်းခံရမှုက ထူးခြားတယ်လို့ သုံးသပ်နေချိန်မှာ၊ Justice for Myanmar အဖွဲ့ကလည်း ဒေါက်တာထွန်းမင်းလတ်ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုနဲ့နီးတဲ့ လက်နက်ပွဲစားလို့ စွပ်စွဲခံထားရသူမို့ ဆက်လက် အရေးယူဖို့ တောင်းဆိုပါတယ်။ ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။
Your browser doesn’t support HTML5
================
{{ UNICODE }}