တာလီဘန်အုပ်ချုပ်မှု တနှစ်ပြည့်ချိန်နဲ့ ကတိကဝတ်များ

Your browser doesn’t support HTML5

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ လွန်ခဲ့တဲ့တနှစ် အာဏာရယူသိမ်းပိုက်ခဲ့ချိန်က သူတို့ဟာ အုပ်ချုပ်ရေးမှာ အဖွဲ့အစည်းပေါင်းစုံပါဝင်ရေးကို ထည့်သွင်းစဉ်းစားမယ်လို့ ကတိပြုခဲ့ပါတယ်။ တာလီဘန်တို့ရဲ့ ကတိကဝတ်တော်တော်များများဟာ အမျိုးသမီးအခွင့်အရေးနဲ့ သက်ဆိုင်နေပြီး လွန်ခဲ့တဲ့ နှစ် ၂၀ သူတို့အုပ်ချုပ်ခဲ့ချိန်က ရပ်တည်ချက်နဲ့ယှဉ်ရင် ဒါဟာအပြောင်းအလဲတခုဖြစ်ပါတယ်။ သူတို့ အာဏာရလာတာ ၁နှစ်ပြည့်ချိန်မှာပဲ ဘယ်လိုကတိကဝတ်တွေကို တာလီဘန်တွေ ဖြည့်ဆည်းခဲ့ပြီး ဘယ်ဟာတွေကိုတော့ ဖောက်ဖျက်ခဲ့တယ်ဆိုတာ ဗွီအိုအေရဲ့ ပုံပြရုပ်သံအစီအစဉ်မှာ ကိုဝင်းခန့်မောင် ပြောပြထားပါတယ်။