ပြင်ဦးလွင် ရေဘေး ဒေသခံတွေ ဘေးလွတ်ရာရွှေ့

Your browser doesn’t support HTML5

မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ တနင်္ဂနွေနေ့ မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မိုးသည်ထန်ပြီး ရပ်ကွက်ကြီး ၁ နဲ့ ရပ်ကွက်ကြီး ၄ အတွင်း ရေကြီးတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

မီးသတ်တပ်ဖွဲ့က တင်ထားတဲ့ ဗွီဒီယိုထဲမှာတော့ ပြင်ဦးလွင်က လမ်းတွေမှာ ရေတွေ ပြည့်လျှံနေပြီး ကားတွေ အိမ်တွေ နစ်မြုပ်နေတာကိုလည်း တွေ့ကြရပါတယ်။ ရေကြီးတာကြောင့် အိမ်မှာ နေလို့ မရတော့ကြောင်း အမျိုးသမီး တဦးက ပြောဆိုနေတာကိုလည်း ဗွီဒီယိုထဲမှာ ကြားကြရပါတယ်။