ယူကရိန်းသီးနှံတင်ပို့မှု သမ္မတကြည့်ရှုစစ်ဆေး

Your browser doesn’t support HTML5

ယူကရိန်း၊ ရုရှား၊ တူရကီနဲ့ ကုလသမဂ္ဂတို့ ပြီးခဲ့တဲ့ သောကြာနေ့ သဘောတူညီချက်အရ သီးနှံတွေတင်ပို့တဲ့ အစီအစဉ်ကို ကြည့်ရှုစစ်ဆေးဖို့ ယူကရိန်းသမ္မတ ဇလန်းစကီး ယူကရိန်းတောင်ပိုင်းက ဆိပ်ကမ်းတခုကို ဇူလိုင် ၂၉ ရက်နေ့က ရောက်လာတာဖြစ်ပါတယ်။

ယူကရိန်း သီးနှံတွေတင်ပို့တဲ့ ပထမဆုံးသင်္ဘောတွေ ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ရက်အနည်းငယ်အတွင်းမှာ စထွက်နိုင်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ပြောပါတယ်။ ယူကရိန်းက သီးနှံတွေတင်ပို့နိုင်ဖို့ သဘောတူညီချက်တွေရပြီးတဲ့ နောက်ပိုင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ရုရှားဘက်က ယူကရိန်းဆိပ်ကမ်း အိုဒက်ဆာကို ရုရှားဘက်က တိုက်ခိုက်ခဲ့တာပါ။ ဒီအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။