ယူကရိန်းအရှေ့ပိုင်းကမြို့တချို့ ရုရှားသိမ်းပိုက်

(Zawgyi/ Unicode)
ယူကရိန်း အရှေ့ပိုင်းဒေသထဲ ကို ရုရှားတပ်တွေ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင် ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။
Lysychansk မြို့ကနေ တပ်များ ကို ဆုတ်ခွါခဲ့ကြောင်း ယူကရိန်း စစ်တပ် က အတည်ပြု ပြောကြားပါတယ်။ ခုခံမယ် ဆိုရင် ရက်သတ္တပေါင်းများစွာ ခုခံနိုင်ပေမဲ့ ပေးဆပ်ရမှာ က ကြီးမားတဲ့အတွက် ဗဟို ဆုံးဖြတ်ချက် နဲ့ ဆုတ်ခွါခဲ့တာ ဖြစ်ကြောင်း Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhii Haidai က ပြောပါတယ်။ ဒွန်ဘ ဒေသ ရဲ့ ဒုတိယ ပြည်နယ် Donetsk ရဲ့ တစ်ဝက် က ရုရှား တပ်တွေ အောက် ရောက်သွားပြီ ဖြစ်ပါတယ်။ Donetsk ပြည်နယ် ရဲ့ အတွင်းပိုင်း မြို့တွေ ဖြစ်ကြတဲ့ Sloviansk နဲ့ Kramatorsk မြို့ ၂ မြို့ ကို ရုရှား က လက်နက်ကြီးတွေ နဲ့ ပစ်ခတ် တိုက်ခတ်ခဲ့တဲ့အတွက် Sloviansk မြို့ မှာ တနင်္ဂနွေနေ့ က ၉ နှစ်အရွယ် မိန်းခလေး တစ်ဦး အပါအဝင် လူ ၆ ယောက် သေဆုံးပြီး၊ ၁၉ ယောက် ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
ယူကရိန်း ရဲ့ ဆုတ်ခွါမှု ကို ဗြိတိသျှ ထောက်လှမ်းရေး ရဲ့ တနင်္လာနေ့ အကဲဖြတ်ချက် က ထောက်ခံလိုက်ပါတယ်။ ရုရှား ရဲ့ ထိုးစစ် က Donetsk ဒေသတစ်ခုလုံး သိမ်းပိုက်ရေး ဖြစ်ကြောင်း၊ ရုရှား စစ်တပ် ဟာ လူအင်အားအရ အရေးပါလောက်အောင် မသာလွန်ပေမဲ့၊ ပစ်အားမှာတော့ အများကြီး သာလွန်ကြောင်း ဗြိတိသျှ ထောက်လှမ်းရေး က ဆိုပါတယ်။ ဒါကြောင့် နယ်မြေ ကို သိမ်းပိုက်ဖို့ အရင်းအမြစ် နည်းနေပြီး၊ ယူကရိန်း တပ်တွေ ကို လက်နက်ကြီးတွေ၊ ရောကက်တွေ နဲ့ တိုက်ခိုင်ကာ၊ ဖြေးဖြေးပဲ တက်မယ့် သဘောဖြစ်တယ် လို့ ဗြိတိသျှ ထောက်လှမ်းရေး က အကဲဖြတ်ပါတယ်။
Donbas ဒေသတစ်ခုလုံး သိမ်းပိုက်ရေး ဟာ ရုရှား ရဲ့ ရည်မှန်းချက် ဖြစ်ပြီး၊ စစ် ရဲ့ အစောပိုင်း ရက်တွေ မှာ ခွဲထွက်ရေးသမားတွေ က နိုင်ငံအဖြစ် ကြေညာခဲ့တာ ကို ရုရှား က အသိအမှတ်ပြုခဲ့ပါတယ်။

Your browser doesn’t support HTML5

ယူကရိန်းအရှေ့ပိုင်းကမြို့တချို့ ရုရှားသိမ်းပိုက်

Unicode:
