ရှေ့တန်းရုရှားတပ်တွေကို အမေရိကန်အမြောက်နဲ့ ယူကရိန်းပစ်ခတ်

Your browser doesn’t support HTML5

⏯အမေရိကန်ထောက်ပံ့ထားတဲ့ M777 ဟောက်ဝတ်ဇာအမြောက်တွေနဲ့ အရှေ့ ဒွန်ဘာ့စ်ဒေသမှာရှိနေတဲ့ ရှေ့တန်းက ရုရှားတပ်တွေကို ယူကရိန်းစစ်သားတွေ ဇွန်လ ၁၈ရက်နေ့က ပစ်ခတ်နေတာဖြစ်ပါတယ်။

ဒီဒေသမှာ ရုရှားနဲ့တိုက်ခိုက်မှုတွေ အရှိန်အမြင့်ဆုံးရောက်နေချိန်မှာပဲ ယူကရိန်းသမ္မတ ဗလော်ဒိုမာဇလန်းစကီးဟာ ရှားရှားပါးပါး ကိယက်ဗ်မြို့အပြင်ထွက်ပြီး နိုင်ငံတောင်ပိုင်းက စစ်ဒဏ်ခံရတဲ့ Mykolaiv မြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။