ဥရောပခေါင်းဆောင်တွေ ယူကရိန်းမှာ သမ္မတနဲ့လာရောက်တွေ့ဆုံ

Your browser doesn’t support HTML5

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေရတဲ့ ယူကရိန်းဘက်က အားပေး ထောက်ခံမှုတွေ ပြသတဲ့အနေနဲ့ ပြင်သစ်သမ္မတ အီမယ်နျူရယ်မက်ခရွန်၊ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်၊ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီတို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ဇွန်လ ၁၆ ရက်နေ့မှာ ရောက်လာခဲ့ပါတယ်။

ယူကရိန်း ပြည်သူတွေနဲ့ တစုတစည်းတည်း ရပ်တည်နေတယ်ဆိုတာကို ပြသဖို့ အရေးကြီးတဲ့ အချိန်အခါ ဖြစ်တယ်လို့ ပြင်သစ်သမ္မတမက်ခရွန်က ပြောပါတယ်။ ယူကရိန်းကို အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် လက်ခံဖို့ကိစ္စ ဥရောပကော်မရှင်က ထောက်ခံမလား စဉ်းစားနေတဲ့အချိန်မှာပဲ အခုလို ဥရောပခေါင်းဆောင်တချို့ ယူကရိန်းကို ရောက်လာတာပါ။ ဒီခရီးစဉ်အတွင်း ယူကရိန်းသမ္မတ ဗလော်ဒိုမာဇလန်းစကီးနဲ့ ကိယက်ဗ်မြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။