ရုရှားကျူးကျော်စစ်ကြောင့်ကွဲသွားတဲ့ သားဖြစ်သူပြန်တွေ့

Your browser doesn’t support HTML5

ယူကရိန်းနိုင်ငံမှာ စစ်ဖြစ်လို့ ကွဲသွားရတဲ့ သားဖြစ်သူ ရဲအရာရှိနဲ့ မိခင်တို့ ရက်ပေါင်းများစွာကြာပြီးမှ ပြန်တွေ့ကြတဲ့ မြင်ကွင်းက အားလုံးကို မျက်ရည်ဝဲစေပါတယ်။ ကာကိဗ်ကင်းလှည့်ရဲတပ်ဖွဲ့ မေလ ၉ ရက်နေ့က ဖြန့်လိုက်တဲ့ ဗွီဒီယိုမှာ အမေနဲ့ သား အကြာကြီးပွေ့ဖက်ထားကြတာကို မြင်ရမှာပါ။

ဗွီဒီယိုအောက်မှာတော့ “ဝင်ရောက်နေရာယူထားသူတွေကြောင့် ဒီရဲအရာရှိ သူ့မိသားစုနဲ့ ၇၄ ရက်ကြာတောင် ကွဲကွာနေရတယ်” လို့ ရေးထားပါတယ်။ ဒီဗွီဒီယိုကို မေလ ၈ ရက် တနင်္ဂနွေနေ့မှာ ရိုက်ကူးထားတာဖြစ်ပြီး အဲဒီနေ့က မိခင်များနေ့ ဂုဏ်ပြုအားလပ်ရက်လည်း ဖြစ်ပါတယ်။