ဟန်ဂေရီက မိန်းမထမ်းပြေးပြိုင်ပွဲ

Your browser doesn’t support HTML5

ဟန်ဂေရီနိုင်ငံမှာ တတိယအကြိမ်များ ယောက်ျားတွေ ကိုယ့်မိန်းမထမ်းပြေးပြိုင်ပွဲကျင်းပတော့ စုံတွဲ ၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျောမှာ မိန်းမကို ဇောက်ထိုး၊အတည့် ပုံစံအစုံနဲ့ ကုန်းပေါ်ရော ရေထဲဆင်းပြီးရော ထမ်းပြေးကြရတာပါ။

ဟန်ဂေရီနိုင်ငံမှာ တတိယအကြိမ်များ ယောက်ျားတွေ ကိုယ့်မိန်းမထမ်းပြေးပြိုင်ပွဲကျင်းပတော့ စုံတွဲ ၃၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျောမှာ မိန်းမကို ဇောက်ထိုး၊အတည့် ပုံစံအစုံနဲ့ ကုန်းပေါ်ရော ရေထဲဆင်းပြီးရော ထမ်းပြေးကြရတာပါ။ ကိုက် ၂၈၀ ကျော် ပြေးလမ်းမှာ ကောက်ရိုးလမ်း၊ ကားတာယာခင်းလမ်းတွေ အပြင် ရေဖြည့်ထားတဲ့ ချိုင့်ကြီးကို အစနဲ့ အဆုံးတို့မှာ ကျော်ဖြတ်ရပါတယ်။ ဒီအားကစားနည်းက ၈ရာစုနှောင်းပိုင်းက အစပြုတဲ့ ဗိုက်ကင်းခေတ်က မြစ်ဖျားခံလာာတာပါ။ အခုခေတ်သစ်မှာတော့ အထူးသဖြင့် ဖင်လန်နိုင်ငံမှာ ၁၉၉၀ ပြည့်လွန်ခုနှစ်တွေကတည်းက ပုံမှန်ကျင်းပခဲ့ပါတယ်။