စစ်ကောင်စီအောက် မြန်မာ့မီဒီယာ

Your browser doesn’t support HTML5

နိုင်ငံတကာအစီရင်ခံစာတွေမှာ ဖေါ်ပြနေတဲ့ မြန်မာသတင်းလွတ်လပ်ခွင့် ဖိနှိပ်နေတဲ့အခြေအနေတွေထက် လက်ရှိ မြေပြင်မှာရင်ဆိုင်နေရတဲ့ သတင်းသမားတွေရဲ့အခြေအနေက ပိုပြီးဆိုးရွားကြောင်း ပြည်တွင်းက သတင်းသမားတွေက ဗွီအိုအေကိုပြောပါတယ်။ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဆွေးနွေးခန်းအစီအစဉ်မှာ အပြည့်အစုံနားဆင်ကြည့်ရှုကြရအောင်ပါ။

စစ်ကောင်စီအောက် မြန်မာ့မီဒီယာ

နိုင်ငံတကာအစီရင်ခံစာတွေမှာ ဖေါ်ပြနေတဲ့ မြန်မာသတင်းလွတ်လပ်ခွင့် ဖိနှိပ်နေတဲ့အခြေအနေတွေထက် လက်ရှိ မြေပြင်မှာရင်ဆိုင်နေရတဲ့ သတင်းသမားတွေရဲ့အခြေအနေက ပိုပြီးဆိုးရွားကြောင်း ပြည်တွင်းက သတင်းသမားတွေက ဗွီအိုအေကိုပြောပါတယ်။ အခုစစ်ကောင်စီလက်ထက်မှာ မြန်မာနိုင်ငံက သတင်းသမားတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအရပါ လုံခြုံမှု မရှိတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ မအင်ကြင်းနိုင်တင်ဆက်တဲ့ မေလ (၃)ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဆွေးနွေးခန်းအစီအစဉ်မှာ အပြည့်အစုံနားဆင်ကြည့်ရှုကြရအောင်ပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၁ နှစ်အတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေ ဆိုးဆိုးရွားရွား ကြုံခဲ့ရကြောင်းနဲ့ ကမ္ဘာပေါ် သတင်းသမားဖမ်းဆီးမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် (RSF) နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုအသံလွှင့်ချိန်အထိ တုံ့ပြန်ချက်မရသေးပါဘူး။