ရုရှားရဲ့ ထိုးစစ် ယူကရိန်းမိသားစုတွေ တကွဲတပြားဖြစ်စေ

Your browser doesn’t support HTML5

ယူကရိန်း အဲရ်ပင်မြို့လေးမှာ ကလေးငယ်တယောက် သူ့အဖေနဲ့ခွာရမှာမို့ ချော့မရအောင်ငိုကြွေးနေတဲ့ မြင်ကွင်းကတော့ ရုရှားကျူးကျော်စစ်ပွဲကာလ နေရာတိုင်းလိုမှာတွေ့ရတဲ့ မြင်ကွင်းမျိုးပါ။ ဒီကလေးရဲ့ ဖခင်က ရဲအရာရှိတဦးဖြစ်ပြီး သူတို့မြို့ ရုရှားရဲ့ ထိုးစစ်နဲ့ ရင်ဆိုင်နေရတာမို့ မိသားစုကို ထွက်ခွာခိုင်းရတာဖြစ်ပါတယ်။