ဆေးရုံတွေ ပြည့်လျှံသွားတဲ့အထိ ဟောင်ကောင်ကိုဗစ်ကူးစက်မှုများပြားနေ

Your browser doesn’t support HTML5

ဟောင်ကောင်မှာရှိတဲ့ ဆေးရုံ ၂ရုံဟာ ဒီသီတင်းပတ်ကစပြီး လူနာကုတင်တွေကို အဆောက်အအုံအပြင်မှာထုတ်ထားရတဲ့အထိ ကိုဗစ်ရောဂါပိုးကူးစက်သူလူနာ အဆမတန်များပြားနေပါတယ်။ ကူးစက်မြန် ဗီဇပြောင်းပိုးသစ် အိုမီခရွန်ကြောင့် ဒီတကြိမ်ကူးစက်မှုဟာ ဟောင်ကောင်အတွက် အဆိုးဆုံးရင်ဆိုင်ရတဲ့ အခြေအနေဖြစ်နေပါတယ်။