ယူကရိန်းအရေး ပြင်သစ်နဲ့ ရုရှား သမ္မတ ၂ ဦးဆွေးနွေး

Russia, Moscow, russian president Vladimir Putin and french president Emmanuel Macron

ရုရှားနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဟာ တနင်္လာနေ့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပြီး ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်မယ့် ခြိမ်းခြောက်မှုတွေ အဆုံးသတ်စေဖို့ ဆွေးနွေးခဲ့ပါတယ်။

စစ်ကိုရှောင်ရှားနိုင်ရေး အတွက် စစ်ရှိန်လေ ျှာ့ချ ရေး လမ်းကြောင်းပေါ်သွားဖို့ လိုအပ်နေတာတွေကို အခုဆွေးနွေးပွဲ ကနေ စတင်နိုင်ကြောင်း ပြင်သစ်သမ္မတ Macron က ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်နိုင်မယ့် အသေးစိတ်အချက်လက်တွေကို ဆွေးနွေးပြီး ရုရှားနဲ့ ကျန်ဥရောပ ဒေသအတွက် အသုံးတဲ့မယ့် တုန့်ပြန်မှုတွေကို ၂ ဖက် အတူဆောင်ရွက်နိုင်မယ့် အခွင့်အလန်းဖြစ်ပြီး ဒါဟာ စစ်ကိုရှောင်ရှားနိုင်သလို လူတိုင်းအတွက် ယုံကြည်မှုနဲ့ တည်ငြိမ်မှု အပြင် ပွင့်လင်းမြင်သာမှုပါ ရှိလာမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲမစခင်ကတော့ ဒီဆွေးနွေးပွဲကနေ ရုရှားနဲ့အနောက်နိုင်ငံတွေကြား တင်းမာနေမှုအတွက် အဖြေတစုံတရာ ချက်ချင်း ထွက်လာဖို့ မေ ျှာ်လင့်မထားကြောင်း ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောခဲ့တာပါ။ အခြေနေဟာ သိပ်ရှုပ်ထွေးနေတာကြောင့် တကြိမ် ဆွေးနွေးရုံနဲ့ ပြေလည်ဖို့ မေ ျှာ်လင့် မထားသလို ရုရှားဘက်က တောင်းဆိုနေတဲ့ ရုရှားအတွက် လုံခြုံရေး အာမခံချက် ပေးဖို့ ကိစ္စမှာ ဘာမှ တိုးတက်မှု မရှိသေးကြောင်း ရုရှားအစိုးရ ပြောခွင့်ရက ပြောပါတယ်။

ရုရှားက ယူကရိန်းကို အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်ကြောင်း အနောက်နိုင်ငံတွေက စိုးရိမ်နေကြချိန်မှာပဲ ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အား ၁ သိန်းကျော် ချထားသလို ရုရှားရဲ့ မဟာမိတ် ဖြစ်တဲ့ ဘယ်လာရုစ်နယ်စပ်မှာလည်း ရုရှားတပ်တွေကို ချထားတာဖြစ်ပါတယ်။

-----------------------------------------




