(zawgyi/unicode)
ဇူလှိုင် ၂၅၊ ၂၀၂၀။ ပုံမှန်ထုတ်လွင့်နေကြ စနေည တိုက်ရိုက်လေလှိုင်းအစီအစဉ်နေရာမှာ ကိုဗစ်ကပ်ရောဂါအကန့်အသတ်အခြေအနေကြောင့် နိ်ုင်ငံရေးဆွေးနွေးခန်းအစီအစဉ်နဲ့ အစားထိုးတင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ လာမယ့်ရွေးကောက်ပွဲအတွက် မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းစာရင်းကိစ္စကို သုံးသပ်ဆွေးနွေးထားပါတယ်။ အာဏာရ NLD ပါတီက ထုတ်ပြန်တဲ့ ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းစာရင်းဟာ အခြားနိုင်ငံရေးပါတီတွေရော လေ့လာသူတွေရော အလေးပေးစောင့်ကြည့်တာခံခဲ့ရပါတယ်။ ဆိုလိုတာက NLD ရဲ့ ကိုယ်စားလှယ်အပြောင်းအလဲပေါ်မှာ ဘာတွေ ထူးလာမလဲ၊ ပြိုင်ဖက်တွေကလည်း ဘယ်သူပါလာမလဲ စိတ်ဝင်စားကြပါတယ်။ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်းနဲ့ သတင်းစာဆရာ ကိုသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားပါတယ်။
Your browser doesn’t support HTML5