Corona ဗိုင်းရပ်ကူးစက်မှုနဲ့ အရေးပေါ်အခြေအနေ(တိုက်ရိုက်လေလှိုင်း)

coronavirus feb 2 01

(Zawgyi/Unicode)

Corona ဗိုင်းရပ်ကူးစက်မှုဟာ အရေးပေါ် ကမ္ဘာ့ကျန်းမာရေးအခြေအနေဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာလိုက်ပါပြီ။ မြန်မာအိမ်နီးချင်းနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ဒီရောဂါပိုးကြီးဟာ နိုင်ငံအတော်များများကိုပါ ကူးစက်လာတဲ့အပြင် လူလူချင်းကူးစက်တဲ့လက္ခဏာတွေပါ တွေ့လာရတာကြောင့်၊ ခရီးသွားလာမှုတွေကို အကန့်အသတ်လုပ်လာရပြီး နိုင်ငံအလိုက်ကျန်းမာရေးအရေးပေါ်အခြေအနေတွေပြင်ဆင်နေကြရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ထားပြီလဲ၊ လူတွေစိုးရိမ်မှုတွေနဲ့အတူ သတင်းမှားတွေကိုရော ဘယ်လို စီစစ်ကြမလဲ လာမယ့်အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

ပါဝင်ဆွေးနွေးမေးမြန်းလိုသူတွေအနေနဲ့ ဗွီအိုအေ မြန်မာပိုင်းကို ကိုယ့် တယ်လီဖုံးနံပတ်တွေ ကြိုတင်ပေးပို့ထားမယ်ဆိုရင် တိုက်ရိုက်လေလှိုင်းအစီအစဉ်လွှင့်ထုတ်ချိန်မှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ကိုယ့်အမြင် ကိုယ့်မေးခွန်းတွေကို စာနဲ့ဖြစ်စေ အသံဖိုင်နဲ့ဖြစ်စေ ကြိုတင်ပေးပို့ထားနိုင်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဖုံးနံပတ်က +1 202 382 5554 ဖြစ်ပြီး အီးမေလ်လိပ်စာကတော့ burmese@VOANews.com ဖြစ်ပါတယ်။

******


