အီရတ်မြောက်ပိုင်း အကြမ်းဖက်မှု ပိုဆိုးရွား

Your browser doesn’t support HTML5

IS ခေါင်းဆောင် Baghadadi သေဆုံးပြီးတဲ့နောက် အီရတ်မြောက်ပိုင်းမှာ IS တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများလာနေပါတယ်။ ပြန်ပေးဆွဲတာ ခြိမ်းခြောက်တာတွေ ရှိနေတာကြောင့် လူအများအပြား အိုးအိမ်စွန့်ထွက်ပြေးသွားကြတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ Dilshad Anwar ပေးပို့ထားတဲ့သတင်းကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။