ဒုက္ခသည်တွေ ကျွန်းဆီပြောင်းဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်
Your browser doesn’t support HTML5
ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့ကို Bhasanchar ကျွန်းကို ရွှေ့ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖက်က ပြင်ဆင်ဆောင်ရွက်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် အစီအစဉ်တွေ စတင်နိုင်မယ်လို့ ယူဆရပါတယ်။ အဲဒီကို မိမိဆန္ဒနဲ့အညီသွားရောက်ဖို့ လက်ခံသဘောတူထားတဲ့ ဒုက္ခသည်အချို့ရှိသလို ၊ မသွားလိုတဲ့ ဒုက္ခသည်အတော်များများလည်း ရှိနေပါတယ်။ တဖက်မှာ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး အစီအစဉ်တွေ အရှိန်မြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ဖိအားပေးပြောဆိုတာတွေလည်းရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့အခြေအနေ ဘယ်လိုရှိပါသလဲ။ အေပီ သတင်းဌာန ရေးသားချက်ကို အခြေခံပြီး ကိုသားညွန့်ဦး ပြောပြထားပါတယ်။