သမ္မတနဲ့ အောက်လွှတ်တော် အာဏာလွန်ဆွဲမှု

Your browser doesn’t support HTML5

အမေရိကန်သမ္မတ Donald Trump ကို အရေးယူဖို့ စုံစမ်းစစ်ဆေးတဲ့ကိစ္စနဲ့ အောက်လွှတ်တော် ဒီမိုကရက်အမတ်တွေနဲ့ သမ္မတကြားမှာ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ အငြင်းပွားမှုတွေနဲ့ အခြေအတင်ဖြစ်နေကြပါတယ်။ ယူကရိန်းသမ္မတနဲ့ သမ္မတ Trump တို့ ဖုန်းဆက်သွယ်ပြောဆို ခဲ့တဲ့ အထောက်အထား စာရွက်စာတမ်းတွေအားလုံး ပေးအပ်ဖို့နဲ့ ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေကို စစ်ဆေး မေးမြန်းတာတွေကို သမ္မတ အိမ်ဖြူတော်က လက်မခံပါဘူး။ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမဏ္ဍိုင်နှစ်ရပ်ကြား အခုပဋိပက္ခကြောင့် သမ္မတတယောက်ရဲ့အာဏာ၊ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အပြန်အလှန် အာဏာထိန်းကြောင်းမှုနဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီစနစ် အပေါ်မှာပါ မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။