စက်တင်ဘာ ၂၄၊ ၂၀၁၉။ အခု ရက်ပိုင်းလုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးကြီးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလလူ့အခွင့်အရေးတာဝန်ရှိသူတွေက အစီရင်ခံစာတွေ တင်ပြရာမှာ၊ မြန်မာပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာခုံရုံးမှာ စစ်ဆေးဖို့ကိစ္စတွေ ဇောင်းပေး တင်သွင်းလာပါတယ်။ ဒီနေရာမှာ မြန်မာအရပ်သားအစိုးရခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ဘယ်လောက်အထိ တာဝန်ရှိခဲ့သလဲ၊ နိုင်ငံတကာခုံရုံးတွေအထိ ဒေါ်အောင်ဆန်းစုကြည် စစ်ဆေးခံလာရဖွယ်ရှိသလား။ ဒီအပေါ် နိုင်ငံတကာ စိတ်ဝင်စားခဲ့ကြပါတယ်။ ဒါကြောင့် အခု အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
Legal Aid Network က လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးနဲ့ ၁၉၉၀ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာတင့်ဆွေတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5