စက်တင်ဘာ ၁၇၊ ၂၀၁၉။ မြောက်ပိုင်း လက်နက်ကိုင်တိုင်းရင်းသားမဟာမိတ်အဖွဲ့နဲ့ မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခု စက်တင်ဘာ ၁၆-၁၇ မှာ ရှမ်းပြည်မြောက်ပိုင်းကျိုင်းတုံမြို့မှာ ဆွေးနွေးကြပါမယ်။ ဒါဟာ တလအတွင်း ဒုတိယအကြိမ်မြောက်ဆွေးနွေးတာဖြစ်ပြီး၊ အခုလို ဆွေးနွေးဆဲ ကာလမှာကို နှစ်ဖက်တိုက်ပွဲတွေက ရှမ်းပြည်မြောက်ပိုင်းမှာရော ရခိုင်မြောက်ပိုင်းမှာပါ ရှိနေတုန်းပါ။ ဒါကြောင့် ဒီဆွေးနွေးပွဲတွေကနေ အခုဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်စဲသွားနိုင်တဲ့ ပြေလည်မှုတွေ ဖြစ်လာနိုင်ပါ့မလား။ အင်္ဂါနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
ISP မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျူက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ သုတေသနဌာနတာဝန်ခံ ကိုနေထွန်းနိုင်၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5