ဇင်ဘာဘွေနိုင်ငံနဲ့ ရောဘတ်မူဂါဘီ သမိုင်း
Your browser doesn’t support HTML5
ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်ဟောင်း ရောဘတ်မူဂါဘီဟာ အသက် ၉၅ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ တချို့တွေကတော့ သူ့ကို ဇင်ဘာဘွေနိုင်ငံရဲ့ လွတ်လပ်ရေးသူရဲကောင်းအဖြစ် ချီးကျူးပြောဆိုကြပေမယ့်၊ တချို့တွေကတော့ သူဟာ တချိန်က အာဖရိကတိုက်ရဲ့ စပါးကျီလို့ တင်စားခေါ်ကြတဲ့ ဇင်ဘာဘွေနိုင်ငံရဲ့ စီးပွားရေးကို ဖျက်ဆီးပြီး၊ ရွေးကောက်ပွဲ မမှန်မကန်တွေ လုပ်ပြီး ဇင်ဘာဘွေပြည်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ မူဂါဘီရဲ့ ဘ၀ နဲ့ သူထားရစ်ခဲ့တဲ့ အမွေတွေ နဲ့ ပတ်သက်ပြီး VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။