အမေရိကန်ပြည်ထောင်စုအတွင်း အာရှငါးကြင်းထိန်းချုပ်မှု

Your browser doesn’t support HTML5

အမေရိကန် ကန်တာကီ ငါးနှင့်သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးဌာနဟာ လျှပ်စစ်ဓါတ်ကိုအသုံးပြုပြီး အာရှငါးကြင်းတွေကို ဖမ်းယူခဲ့ပါတယ်။ သဘာဝရေအိုင်၊ ရေကန်တွေထဲမှာ ဌာနေမျိုးစိတ်မဟုတ်တဲ့ အာရှငါးကြင်းတွေရဲ့ မျိုးပွားမှုကို ကန့်သတ်ဖို့အတွက် စမ်းသပ်တဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ဖမ်းယူမိတဲ့ငါးတချို့ကို ဇီဝဗေဒပညာရှင်တွေဆီပေးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။