သံပြိုင်တေးနဲ့ မျှော်လင့်ချက်သတင်းစကား

Your browser doesn’t support HTML5

ဂီတဟာ လူတွေရဲ့ နှလုံးသားကို နူးညံ့သိမ်မွေ့စေသလို လူအချင်းချင်းကြား ရင်းနှီးမှုလည်း တိုးစေပါတယ်။ Pihcintu ဆိုတဲ့ သံပြိုင်သီချင်းဆိုတဲ့ အဖွဲ့ဝင်အများစုဟာ ကမ္ဘာတလွှားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ဘူးခဲ့ကြပြီး လူသားတွေအချင်းချင်း ပိုရင်းနှီးမှုရစေအောင် သူတို့ဟာ ဂီတကို အသုံးချပြီး ဆောင်ရွက်နေကြသူတွေပါ။ သံပြိုင်သီဆိုကြပြီး မျှော်လင့်ချက်ဆိုတဲ့ သတင်းစကားကိုလည်း လူသားတွေ မမေ့လျော့အောင် သတိပေးနေကြတာပါ။ VOA သတင်းထောက် June Soh ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။