ဖွဲ့စည်းပုံပြင်ရေးလွှတ်တော်ကြိုးပမ်းမှု မျှော်လင့်စရာ(တိုက်ရိုက်လေလှိုင်း)

Pyidaungsu Hluttaw

ဇူလှိုင် ၂၃ ၂၀၁၉။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်ပူးပေါင်းကော်မတီက တင်သွင်းထားတဲ့ အကြံပြုချက်အစီရင်ခံစာကို လွှတ်တော်တွင်း ပြန်လည်ဆွေးနွေးဖို့ ရှိနေပါတယ်။ NLD ပါတီရဲ့ ရွေးကောက်ပွဲ ဂတိကဝတ်တခုဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ရေးအတွက်၊ NLD အများစုနေရာရထားတဲ့ ဒီလွှတ်တော်ကနေ ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲ.. ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ.. ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကြိုးပမ်းမှုနဲ့ပတ်သက်လို့ အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဌ ဦးကြီးမြင့်၊ ယနေ့ခေတ်နိုင်ငံရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်တို့ ပင်တိုင် ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

ဖွဲ့စည်းပုံပြင်ရေးလွှတ်တော်ကြိုးပမ်းမှု မျှော်လင့်စရာ (တိုက်ရိုက်လေလှိုင်း)