အီရန်အရေး ကန်သမ္မတလုပ်ရပ်နဲ့ ဗြိတိန်သံအမတ်ဟောင်းရဲ့ကြေးနန်း

British Ambassador Kim Darroch speaks at an Afternoon Tea at The British Embassy in Washington, D.C., Jan. 18,2017.

အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က အီရန်နျူးကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာဟာ၊ သူ့အရင်သမ္မတBarack Obama အပေါ်မှာ မလိုမုန်းထားစိတ်နဲ့ သံတမန်ရေးအရ တမင်သက်သက် ဖျက်လိုဖျက်ဆီးလုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းက မှတ်ယူတယ်လို့ ဗြိတိန်သတင်းစာက ဒီကနေ့မှာ ထပ်မံဖော်ပြလိုက်ပါတယ်။ ဗြိတိန်သံအမတ်ဟောင်း Kim Darroch ရဲ့ ပေါက်ကြားသွားတဲ့ သံတမန်မှတ်တမ်း အသစ်တွေ နောက်ထပ်ထွက်ပေါ်လာခဲ့ပြီး The Mail သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗြိတိန်သံအမတ်ဟောင်း Darroch ရဲ့ သံတမန်မှတ်တမ်းတချို့ ပေါက်ကြားသွားခဲ့ပြီး၊ အဲဒီထဲမှာ သူက အမေရိကန်သမ္မတထရမ့်ဟာ အသုံးမကျတဲ့သူ၊ အလုပ်မဖြစ်တဲ့သူ စသဖြင့် ဝေဖန်ထားတာဖြစ်ပြီး ဒါကို The Mail သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီသံတမန်မှတ်တမ်းတချို့ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတထရမ့်ကလည်း တွစ်တာကနေ တုံ့ပြန်လိုက်ပြီးတဲ့နောက် ၊ သံအမတ်ကြီး Darroch ကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ သမ္မတထရမ့်က သံအမတ်ကြီး Darroch ဟာ အလွန်ကို မိုက်မဲတဲ့ အရူးတစ်ယောက်ဖြစ်ပြီး၊ သူ့အနေနဲ့ ဗြိတိန်သံအမတ်ကြီး Darroch ကို ဘယ်တော့မှ ဆက်ဆံတော့မှာမဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီကြေးနန်းမှတ်တမ်းတွေကို ဗြိတိန်အစိုးရရဲ့ အကြီးတန်းတာဝန်ရှိသူတချို့အတွက်ကိုပဲရည်ရွယ်ပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အီရန်အရေး ကန်သမ္မတလုပ်ရပ်နဲ့ ဗြိတိန်သံအမတ်ဟောင်းရဲ့ကြေးနန်း