ကချင်ဒေသ စစ်ဘေးရှောင်တွေရဲ့ အနာဂတ်
Your browser doesn’t support HTML5
ကချင်ပြည်နယ်မှာ IDP လို့ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တသိန်းနီးပါးဟာ KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသက ဒုက္ခသည်စခန်းတွေမှာ နေနေကြပါတယ်။ ကချင်ဒေသမှာ တကြော့ပြန်စစ်ပွဲတွေ ဖြစ်လာတာ အခုဆိုရင် ၈နှစ် ပြည့်လာပြီဖြစ်ပြီး၊ အစိုးရတပ်နဲ့ KIA တပ်တွေကြား စစ်ဖြစ်နေတဲ့ အကြောင်းရင်းခံထဲမှာ ကျောက်စိမ်းနဲ့ ရေအားလျှပ်စစ်လို စီမံကိန်းအပါဝင် သဘာဝသယံဇာတ ထိန်းချုပ်နိုင်ရေး ရည်မှန်းချက်တွေလည်းပါဝင်ကြောင်း Steve Sandford ကချင်ပြည်နယ်က ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။