မြောက်ဝန်ရိုးစွန်းက စွတ်ဖားစီးပြိုင်ပွဲ

Your browser doesn’t support HTML5

ခွေးစုစုပေါင်း ၂၀၀နဲ့ စွတ်ဖားခွေး ၃၀ပါဝင်ခဲ့တဲ့ ကီလိုမီတာ ၃၀၀ အရှည်ရှိ ပြိုင်ပွဲတစ်ခုကို ပြီးခဲ့တဲ့ စနေနေ့က မြောက်ဝန်းရိုးစွန်းအာတိတ်ဒေသမှာကျင်းပခဲ့ပါတယ်။ Fjallraven Polar race လို့ခေါ်တဲ့ ဒီစွတ်ဖားစီးပြိုင်ပွဲကို စုစုပေါင်း လူ(၂၀၀၀)ကျော် ဝင်ခွင့်လျှောက်ခဲ့ကြတာပါ။ ပြိုင်ပွဲဝင်အသင်းတွေဟာ ရေခဲမှတ်အောက် အပူချိန်ကို ခံနိုင်ရည်ရှိရပြီးနဲ့ အလွန်အေးခဲတဲ့နေရာတွေမှာ ညဖက်ယာယီစခန်းထိုးနေကြရပါတယ်။ အမေရိကန်ပြည်ထောင်စု အလက်စကာပြည်နယ်မှာကျင်းပတဲ့ နာမည်ကျော် Iditarod Trail ပြိုင်ပွဲကတဆင့် ဒီလိုမျိုးကျင်းပဖို့ စိတ်ကူးရခဲ့ကြတာဖြစ်ပါတယ်။ #voaburmese #voasocial