ရှားပါးလာတဲ့ တရုတ်ရေပုတ်သင်မျိုးစိတ်

Your browser doesn’t support HTML5

ရှားပါးတဲ့ တရုတ်ရေပုတ်သင်အကြီးစားတစ်ကောင်ကို ပြီးခဲ့တဲ့ ဧပြီလ(၃)ရက်နေ့ကစလို့ လန်ဒန်တိရစ္ဆာန်ရုံမှာ ပြသခဲ့ပါတယ်။ သူ့နာမည်ကိုတော့ “ပါမောက္ခ လျို”လို့မှည့်ထားပါတယ်။ ဒီကုန်းတစ်ပိုင်းရေတစ်ပိုင်း သတ္တဝါကို ၂၀၁၆ခုနှစ်တုန်းက မှောင်ခိုကူးသူတွေလက်ထက်ကနေ ကယ်တင်ခဲ့တာဖြစ်ပါတယ်။ သမိုင်းမှာတော့ တရုတ်နဂါးတွေကိုဖန်တီးဖို့ စိတ်ကူးစိတ်သန်းရဲ့အစဟာ သူတို့မျိုးစိတ်တွေဆီက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အခုအခါမှာတော့ ရှားပါးစားသောက်ဖွယ်ရာဖြစ်လာတာကြောင့် မျိုးတုန်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ #voaburmese #voasocial