နေတိုးအဖွဲ့နဲ့ တရုတ်နည်းပညာတိုးတက်မှု

Your browser doesn’t support HTML5

အဖွဲ့ဝင် ၂၉ နိုင်ငံပါဝင်တဲ့ နေတိုးမဟာမိတ်အဖွဲ့အနေနဲ့ ဖြစ်ထွန်းတိုးတက်လာနေတဲ့ ခြိမ်းခြောက်မှုတွေအပေါ် ချဉ်းကပ်မှုတွေပြောင်းလဲရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကနေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားလိုက်ပါတယ်။ တကယ်လို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ သူတို့ရဲ့ ဆက်သွယ်ရေးကွန်ယက်တွေထဲမှာ တရုတ်ဆက်သွယ်ရေးနည်းပညာကွန်ယက်ရှိနေမယ်ဆိုရင် အမေရိကန်အနေနဲ့ သတင်းအချက်အလက်တွေကို လုပ်နေကျအတိုင်း မျှဝေဖို့အတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Pompeo က သတိပေးလိုက်ပါတယ်။ ဗီအိုအေသတင်းထောက် Cindy Saine အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းပေးပို့ ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။