မသန်စွမ်းသူအတွက် နည်းပညာ အထောက်အကူ
Your browser doesn’t support HTML5
ကိုယ်ခန္ဓာမသန်စွမ်းသူတွေ၊ သိမှတ်နိုင်စွမ်းအားနည်းသူတွေ၊ အမြင်အာရုံနဲ့ အကြားအာရုံ ချို့တဲ့သူတွေအတွက် သွားလာ နေထိုင်လှုပ်ရှားမှုတွေ လွယ်ကူစေဖို့ ခေတ်ပေါ်နည်းပညာတွေက ထောက်ကူပေးပါတယ်။ ဒီလို နည်းပညာတွေထဲမှာ လက်ဟန်ပြ ဘာသာစကား sign language ကိုအသံထွက်ဘာသာပြန်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်လက်အိတ်အပြင် အမြင်အာရုံ ချို့တဲ့သူတွေ အတွက် ကားနဲ့ခရီးသွားတဲ့အချိန်မှာ အပြင်ကရှု့ခင်းတွေကို ခံစားနိုင်တဲ့ ကိရိယာမျိုးလည်းပါဝင်ပါတယ်။ Deborah Block ပေးပို့ထားတဲ့သတင်းကို မမြသဇင်အောင်က ပြောပြပေးမှာပါ။