ကင်ညာက တမူထူးခြားတဲ့ အိုလံပစ်

Your browser doesn’t support HTML5

ကင်ညာနိုင်ငံမှာရှိတဲ့ Maasai လူမျိုးစုတွေဟာ သူတို့နည်းသူတို့ဟန်နဲ့ အိုလံပစ်ကစားပွဲတွေကို ဒီဇင်ဘာ ၁၅ရက်နေ့က ကျင်းပခဲ့ပါတယ်။ မျိုးဆက်ပေါင်းများစွာ Maasai စစ်သည်တော်တွေဟာ သူတို့ရဲ့ လက်ရုံးရည်ကိုပြသတဲ့အနေနဲ့ ခြင်္သေ့တွေကို သတ်ပြတာမျိုးတွေပြုလုပ်ခဲ့တဲ့ အစဉ်အလာရှိပေမယ့် ဒီလှုပ်ရှားမှုကတော့ သတ္တဝါတွေကို သတ်တာဖြတ်တာမပါဘဲ ကျင်းပဖို့ရည်ရွယ်တာပါ။ အားကစားသမားတွေဟာ အပြေးပြိုင်ပွဲတွေ၊ အမြင့်ခုန်တာတွေနဲ့ လှံပစ်တာစတဲ့ အားကစားနည်းမျိုးစုံမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ #voaburmese #voasocial