နိုဝင်ဘာ ၆။ ၂၀၁၈။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ် ၁၃ ခု ယှဉ်ပြိုင်ရာမှာ ၊ အာဏာရ NLD ပါတီက ၇ နေရာ အနိုင်ရပြီး အတိုက်အခံကြံခိုင်ရေးပါတီက ၃ နေရာ အနိုင်ရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းချက်တွေအတိုင်း နေရာအတော်များများ အဖြေထွက်ခဲ့ပေမယ့်၊ ဒီရလဒ်အရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးဟာ အာဏာရ NLD ပါတီအဖို့ အခက်တွေ့မယ့်အနေအထား ပိုပြီး ပေါ်လွင်လာတယ်လို့ ယူဆမှုတွေရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနဌာနက ကိုမျိုးရန်နောင်သိန်းနဲ့ ၊ မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးစာရေးဆရာ ကိုသီဟသွေးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။
Your browser doesn’t support HTML5