အမေရိကန်ရောက် ဆိုင်းရောရဲ့ ကချင်စစ်ဘေးရှောင်တွေအရေး ကြိုးပမ်းမှု

တိုင်းရင်းသူ ကချင်အမျိုးသမီး ဆိုင်းရော- ကချင်မဟာမိတ်အဖွဲ့ တွဲဖက် ဒုတိယဥက္ကဌ

တိုင်းရင်းသူ ကချင်အမျိုးသမီး “ဆိုင်းရော” ဟာ ၂၀၁၂ ခုနှစ် က စလို့ အမေရိကန်ပြည်ထောင်စုမှာထူထောင်ခဲ့တဲ့ Kachin Alliance ကချင်မဟာမိတ်အဖွဲ့ရဲ့ လက်ရှိ တွဲဖက် ဒုတိယဥက္ကဌဖြစ်ပါတယ်။ သူဟာလွန်ခဲ့တဲ့ ၁၃ နှစ်က အမေရိကန်ပြည်ထောင်စုမှာ ဒုက္ခသည်အဖြစ်လာရောက်အခြေချခဲ့ပြီး၊ သူနာပြုဘွဲ့ ရရှိ ခဲ့ပြီးတဲ့နောက် Texas ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဌါနဝန်ထမ်းတဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူဟာ တဘက်မှာ မြန်မာနိုင်ငံရှိ ကချင် စစ်ဘေးရှောင်တွေအရေး နိုးကြားမှုရှိစေဖို့ အမေရိကန်လွှတ်တော်အပါအဝင် နိုင်ငံတဝှမ်း လိုက်လံဆောင်ရွက်လျက်ရှိပါတယ်။

သိန်းနဲ့ချီရှိနေတဲ့ ကချင်စစ်ဘေးရှောင်တွေအနက် အထူးသဖြင့် အမျိုးသမီးတွေခံစားနေရတဲ့ အတိဒုက္ခနဲ့ပတ်သက်လို့ မကြာသေးမီကသူ ဝါရှင်တန်မှာရောက်ရှိ စဉ်တွေ့ဆုံမေးမြန်းထားတာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

Your browser doesn’t support HTML5

အမေရိကန်ရောက် ဆိုင်းရောရဲ့ ကချင်စစ်ဘေးရှောင်တွေအရေး ကြိုးပမ်းမှု