တိုင်ဖွန်း Jebi ကြောင့် ဂျပန်မှာ လူတသန်းကျော် ဘေးလွတ်ရာပြောင်းရွှေ့

Your browser doesn’t support HTML5

ဂျပန်နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်း နေရာတော်တော်များများကို Jebi တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်လာတဲ့အတွက် လူပေါင်း တသန်းကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။ မုန်တိုင်းကြောင့် လူ ၈ ယောက်ထက်မနည်းလည်း သေဆုံးခဲ့တာပါ။ ၁၉၉၃ ခုနှစ်ကစလို့ ဂျပန်နိုင်ငံမှာ အင်အားအပြင်းဆုံး မုန်တိုင်းတခုလည်း ဖြစ်ပါတယ်။ #voaburmese #voasocial