ရေအောက်က စစ်တုရင်ကစားနည်း

Your browser doesn’t support HTML5

Chess လို့ခေါ်တဲ့ စစ်တုရင်ကစားနည်းဟာ စိတ်ရှည်ခြင်းနဲ့ စဉ်းစားခြင်းကို အဓိကလိုအပ်ပါတယ်။ ဒီနှစ်မျိုးလုံးဟာ လူတစ်ယောက်အတွက် အောက်စီဂျင်ပြတ်နေတဲ့အနေအထားမှာ လုပ်ဆောင်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့်လည်း လန်ဒန်မြို့မှာတော့ ကြံကြံဖန်ဖန် ရေအောက်မှာ ငုပ်ပြီး ကစားရတဲ့ စစ်တုရင်ချန်ပီယံလုပွဲကို ပြီးခဲ့တဲ့ သြဂုတ် ၂၅ရက်နေ့က ကျင်းပခဲ့တာမှာ ကစားသမားတွေက အသက်ရှူပစ္စည်းကိရိယာအကူမပါဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။