ရုန်းကန်နေရတဲ့ အီဂျစ်ဖန်ချက်စက်ရုံ
Your browser doesn’t support HTML5
အီဂျစ်နိုင်ငံမှာ Hassan Hodhood ဆိုသူရဲ့ တပိုင်တနိုင်ဖန်ချက်စက်ရုံလေးဟာ ဆက်လက်ရပ်တည်ဖို့အတွက် ရုန်းကန်နေရပါတယ်။ ကိုင်ရိုမြို့က သူ့ရဲ့ စက်ရုံလေးကို ဒေသမှာ ထင်ရှားတဲ့နေရာတစ်ခုအဖြစ် ၅၂နှစ်ကြာ ဦးဆောင်ခဲ့ပြီးနောက်မှာတော့ သူ့သားကို ဆက်လက်လုပ်ကိုင်စေပါတယ်။ နိုင်ငံစီးပွားရေးကျဆင်းမှုတွေနဲ့ ခရီးသွားလုပ်ငန်းအားနည်းမှုတွေကြောင့် သူ့ရဲ့ လုပ်ငန်းဟာ ခြိမ်းခြောက်ခံနေရပေမယ့်လည်း သူတို့သားအဖကတော့ အကောင်းဆုံးလက်ရာတွေကို ထုတ်လုပ်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ #voaburmese #voasocial