မတော်မဆ ရေထဲကျရင် အလန့်တကြားမဖြစ်ဖို့လို
Your browser doesn’t support HTML5
အေးစက်နေတဲ့ ရေထဲကို မတော်တဆ ပြုတ်ကျတဲ့အခါ ကြောက်လန့်ပြီးတော့ ချက်ခြင်းရေကူးဖို့ မကြိုးစားလိုက်ပါနဲ့။ အရင်ဆုံး ရေပေါ်မှာ ပေါလောပေါ်အောင်နေတာက ပိုကောင်းတဲ့နည်းလမ်းလို့ သုတေတီတွေက အကြံပြုပါတယ်။ ရေနှစ်သေဆုံးရခြင်းအကြောင်းအရင်းရဲ့ ၆၀%ဟာ အလန့်တကြားဖြစ်လို့ ရေနစ်သေဆုံးတာဖြစ်ပါတယ်။ ကိုယ်မှာ သာမန်အဝတ်အစားဝတ်ထားရင်တောင် ရေပေါ်မှာ ပေါလောပေါ်နေနိုင်ဖို့ လွယ်ကူတာကိုတွေ့ရပါတယ်။ တစ်မိနစ် နှစ်မိနစ်လောက် ကြာတဲ့အခါ ခန္ဓာကိုယ်ဟာ ရေအေးမှာ ကျင့်သားရသွားပြီးတော့၊ အသက်ရှူမှန်သွားတဲ့အချိန်မှသာ အကူအညီခေါ်တာ၊ ရေကူးတာတို့လုပ်သင့်ကြောင်း အကြံပြုထားပါတယ်။