ဒုကု္ခသည်ပြန်ခေါ်ရေး နီးစပ်လာပြီလား (တိုက်ရိုက်လေလှိုင်း)

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်နေရာပြန်လည်ချထားရေး အကွက်များသို့ သွားရောက်ကြည့်ရှုစဉ်။ (ဓာတ်ပုံ- MOI)

သြဂုတ်လ ၁၄၊ ၂၀၁၈။ မနှစ်ကဖြစ်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန် ခေါ်ယူရေးကိစ္စဟာ မြန်မာနဲ့ -ဘင်္ဂလားဒေ့ရ်ှအစိုးရအကြား သဘောတူခဲ့ပေမယ့် လက်တွေ့ဖြစ်မလာသေးပါ။ ဒီ သဘောတူညီချက်အရ ဒုက္ခသည်တွေ ခေါ်ယူရေးအကောင်အထည်ဖော်ဖို့ ဘင်္ဂလားဒေရ်ှနိုင်ငံခြားရေးဝန်ကြီး အဲဒီ ဒေသကို လာရောက်လေ့လာခဲ့ပြီဆိုတော့၊ ဒုက္ခသည်တွေနေရပ်ပြန်ရေးအစီအစဉ် ဘယ်လောက်အထိ နီးစပ်လာပြီလဲ၊ ဒေသခံ လူမှုအသိုက်အဝိုင်းအားလုံးအတွက် စိန်ခေါ်ချက်တွေ စိုးရိမ်စရာတွေ ဘာတွေရှိနေသလဲ။ အခု အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခင်စောဝေ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီက ဦးတင်ငွေတို့ ပင်တိုင် ပါဝင်ဆွေးနွေးထားကြပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည်တွေ ပြန်လာရေးနီးစပ်လာပြီလား